Coronavirus disease (COVID-19) advice for the public
Staying Healthy at Home (Myanmar language)
မိမိတို့အိမ်တွင်သာနေပါ။ အိမ်တွင်နေခြင်းသည် အလုံခြုံဆုံးဖြစ်သည်။

- မိမိတို့အိမ်တွင်သာနေပါ။ အိမ်တွင်နေခြင်းသည် အလုံခြုံဆုံးဖြစ်သည်။ မိမိ၏အိမ်ကို မကြာခဏ သန့်ရှင်းရေးပြုလုပ်ပါ။ အထူးသဖြင့် မကြာခဏ ထိတွေ့ကိုင်တွယ်နိုင်သည့် အရာဝတ္ထုများ၏ မျက်နှာပြင်များဖြစ်သော တံခါးလက်ကိုင်၊ ရေခဲသေတ္တာလက်ကိုင်များကို သန့်ရှင်းစင်ကြယ်အောင်ထားပါ။

- မိမိတို့အိမ်တွင်သာနေပါ။ အိမ်တွင်နေခြင်းသည် အလုံခြုံဆုံးဖြစ်သည်။ မိမိ၏ခန္ဓာကိုယ် ကျန်းမာအောင်နေပါ။ ကိုယ်လက်လှုပ်ရှားအားကစားကို ပုံမှန်ပြုလုပ်ပါ။ အဟာရပြည့်ဝစေသော အစားအစာများကို စားသုံးပါ။ ဆေးလိပ်မသောက်ပါနှင့်။

- မိမိတို့အိမ်တွင်သာနေပါ။ အိမ်တွင်နေခြင်းသည် အလုံခြုံဆုံးဖြစ်သည်။ အပြုသဘောဆောင်၍ ပြုမူနေထိုင်ပါ။ ထိတ်လန့်စရာသတင်းများကို ရှောင်ကြဉ်ပါ။ မိသားစုဝင်များနှင့် သူငယ်ချင်းများကို အမြဲဆက်သွယ်ပါ။ မိမိဝါသနာပါသည့် အလုပ်များကို လုပ်ကိုင်ပါ။

- မိမိတို့အိမ်တွင်သာနေပါ။ အိမ်တွင်နေခြင်းသည် အလုံခြုံဆုံးဖြစ်သည်။ အဓိကကျပြီး အလိုအပ်ဆုံးဖြစ်သော စည်းမျဉ်းကိုလိုက်နာပါ။ ရေနှင့်ဆပ်ပြာကို အသုံးပြု၍ လက်ကိုသန့်ရှင်းစင်ကြယ်အောင် မကြာခဏ ဆေးကြောပါ။ သို့မဟုတ် အရက်ပြန်ပါသော လက်သန့်ဆေးရည်ဖြင့် လက်ကို သန့်ရှင်းစင်ကြယ်အောင် ပွတ်တိုက်ပါ။

- မိမိတို့အိမ်တွင်သာနေပါ။ အိမ်တွင်နေခြင်းသည် အလုံခြုံဆုံးဖြစ်သည်။ သင့်တွင် COVID-19 ၏ ရောဂါလက္ခဏာများ ခံစားရလျှင် မိမိတစ်ဉီးတည်းသာ သီးသန့် နေထိုင်ပါ၊ မိမိ ပတ်ဝန်းကျင်ရှိသူများကိုလည်း နှာခေါင်းစည်း ဝတ်ခိုင်းပါ၊ နီးစပ်ရာ ကျန်းမာရေးဌာနမှ အကြံဥာဏ်များရယူပါ။

- မိမိတို့အိမ်တွင်သာနေပါ။ အိမ်တွင်နေခြင်းသည် အလုံခြုံဆုံးဖြစ်သည်။ သင့် မိသားစုဝင်တစ်ဉီးဉီးတွင် COVID-19 ရောဂါလက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာ ကျန်းမာရေးဌာနမှ အကြံဥာဏ်များရယူပါ၊ ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာပါ။